
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခု ဖြစ်သောကြောင့် လယ်ယာထွက်ကုန်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။၄င်းသီးနှံ များအနက် ဆီထွက်သီးနှံဖြစ်သော နှမ်း၊မြေပဲ၊နေကြာ စသည့် သီးနှံများမှာ ယခုအချိန်တွင် ရိတ်သိမ်းပြီးစီးပြီဖြစ်၍ အချို့သီးနှံများမှာ စျေးနှုန်းများ ကျဆင်းလျှက်ရှိပါသည် ။ နှမ်းဖြူ တစ်တင်းလျှင် ပေါ်ခါစအချိန်တွင်(၁၂၆၀၀၀/-)ကျပ်ရှိရာမှ သြဂုတ်လ နောက်ဆုံးအပတ်တွင် (၁၀၅၀၀၀/-)ကျပ်၊စက်တင်ဘာလဆန်းပိုင်တွင်(၉၇၀၀၀/-)ကျပ် ၊ နှမ်းညို တစ်တင်းလျှင် ပေါ်ခါစ အချိန်တွင်(၁၀၃၀၀၀/-)ကျပ်ရှိရာ မှ သြဂုတ်လ နောက်ဆုံးအပတ်တွင် (၈၂၀၀၀/-) ကျပ်ရှိပြီး စက်တင်ဘာလဆန်းပိုင်းတွင် ၄င်းစျေးနှုန်းဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ မြေပဲတစ်ပိဿာလျှင် သြဂုတ်လ နောက်ဆုံးအပတ်တွင် (၆၅၀၀-၆၈၀၀)ကျပ် ရှိရာမှ စက်တင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာလျှင်(၇၀၀၀/-)သို့လည်းကောင်း၊ နေကြာတစ်တင်း လျှင် သြဂုတ်လလယ်၌ (၅၂၀၀၀/-)ကျပ်ရှိရာမှ နောက်ဆုံးအပတ်တွင် (၄၇၀၀၀/-)ကျပ်သို့ စျေးနှုန်းများကျဆင်းသွားရာ စက်တင်ဘာလဆန်းပိုင်းတွင် တစ်တင်းလျှင်(၅၂၀၀၀/-)ကျပ်သို့ ပြန်လည်မြင့်တက်လာကြောင်း၊သီးနှံစျေးနှုန်းများပြန်လည်မြင့်တက်လာခြင်းမှာ နေကြာဖက်၊ နှမ်းဖက်၊ပဲဖက်စျေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး နေကြာဖက်(၁)ပိဿာ လျှင်ယခင်က(၁၈၀၀/-)ကျပ်ရှိရာမှ ယခုအချိန်တွင်(၂၁၀၀/-)ကျပ်သို့လည်းကောင်း၊ နှမ်းဖက် (၁)ပိဿာလျှင်ယခင်က(၂၄၀၀-၂၅၀၀)ကျပ်ရှိခဲ့ရာမှ ယခုအချိန်တွင်(၂၇၅၀/-)ကျပ်သို့လည်း ကောင်း၊ပဲဖက် (၁)ပိဿာလျှင်ယခင်က(၄၁၀၀-၄၂၀၀)ကျပ်ရှိခဲ့ရာမှ ယခုအချိန်တွင်(၄၈၀၀/-) ကျပ်ဖြင့် ကျောက်ဆည်မြို့ရှိပွဲရုံများအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ ပါသည်။
DOCA(မန္တလေး)