Main menu

ပဲကြီးသီးနှံများစတင်စိုက်ပျိုး”

Powered by Drupal

      ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေး အတွက်ဆောင်းသီးနှံဖြစ်သောပဲကြီးကို လယ်ကန်သင်းရိုးများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာရာမှ တွက်ချေကိုက်သီးနှံဖြစ်သောကြောင့် ယခုအခါတွင် လယ်မြေ ယာမြေများတွင် စီးပွားဖြစ်အများ အပြားစိုက်ပျိုးလာကြပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ ကျောက်ဆည်ခရိုင် တွင် ပဲကြီးစိုက်ပျိုးမှုအနေဖြင့်၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၁၄၉၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ ယခုအချိန်တွင် အချို့ယာမြေများပေါ်တွင် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း ၊ စိုက်ပျိုးရာတွင် ထွန်မွှေ၊ စိုက်ကြောင်းဆွဲပြီး ကျင်းဖောက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ရိတ်သိမ်း၊ ချွေလှေ့၊အလုပ်သမားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင် ကုန်ကြကြောင်း၊ယခင်နှစ်အထွက်နှုန်းအနေဖြင့် ပဲကြီးအခြောက်(၁၀-၁၂)တင်းခန့်ထွက်ရှိခဲ့ကြောင်း ၊ ဈေးနှုန်းအနေဖြင့် ပဲကြီးအခြောက် တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ် ၊ ပဲကြီးအစို(၁)ပြည်လျှင်(၂၅၀၀-၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ကြောင်း၊ ရိတ်သိမ်းပြီး ပဲကြီးအခြောက်များကို ဒေသတွင်းရှိ ပွဲရုံများကိုသာရောင်းချကြပြီး ပဲကြီးလှော် ၊ ပဲကြီးကြော် လုပ်ငန်းရှင်များမှလည်း ကျေးရွာအရောက် လာရောက် ဝယ်ယူကြကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀/-)ကျပ်ဝန်းကျင်မြတ်ခဲ့ ကြောင်း၊ ယခုအချိန်တွင် ပဲကြီးများစတင် စိုက်ပျိုးနေပြီဖြစ်ကြောင်း ၊ ပဲကြီးသီးနှံကို စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ(၃)လမှ(၆)လအတွင်းရှိပါကြောင်း၊ စိုက်ပျိုးပြီး(၃)လ အကြာတွင် အဖူးအပွင့် များစတင်ဖူးပွင့်ကြောင်း ၊ (၄-၅)လ အကြာတွင် ပဲကြီးအစိုများ စတင်ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း ၊ ယခုအချိန်တွင်ပဲကြီးများ ထွက်ပေါ်ခြင်း မရှိသေးသော်လည်း ပဲကြီးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်ဖြစ်နေပြီး ပဲကြီးများထွက်ပေါ်ချိန်တွင်အထွက်နှုန်း နှင့်စျေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲကြီး စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)