
ဝါတွင်းကာလအခါသမယတွင် မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံအရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။မန္တလေးမြို့၊စျေးချိုစျေး၊၂၉လမ်းနှင့်၃၁လမ်းကြား၊ ၈၄လမ်းရှိ သစ်သီးပွဲရုံများသို့ သစ်သီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း သစ်သီးစျေးများအနေဖြင့် တစ်ပိဿာလျှင် စပျစ်သီး ၁၂၀၀၀ ကျပ်နှင့် ၁၇၀၀၀ ကျပ်၊ လိမေ္မာ်သီးအပွ(အလုံးကြီး) ၂၅၀၀ဝိ/-နှင့် ၃၀၀၀ဝိ/-စျေး၊ ပျားလိမ္မော်နှင့်ရွှေလိမ္မော် ၁၂၀၀ဝိ/-နှင့်၁၅၀၀ဝိ/-စျေး၊ထောပတ်သီး (Hass မျိုး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/- စျေးတို့နှင့် အလုံးအရေအတွက်ဖြင့် ရောင်းချသည့်သစ်သီး တစ်လုံးစျေးတို့မှာ နဂါးမောက်သီး(ခရမ်းရောင်) ၈၀ဝိ/-နှင့်၁၀၀ဝိ/-၊နဂါ်းမောက်သီး(အဖြူ) ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/-၊ ကျွဲကောသီး (မော်လမြိုင်သီး)၃၀၀ဝိ/-နှင့်၅၀၀ဝိ/-၊ ပန်းသီးအလုံးကြီး (အကျွတ်သီး) ၂၅၀ဝိ/-နှင့်၃၅၀ဝိ/-၊ ဆန်းကစ်သီး၂၅၀ဝိ/-နှင့်၃၀၀ဝိ/၊ ပန်းသစ်တော်သီး(အလုံးကြီး)၃၀၀ဝိ/-နှင့် ၄၀၀ဝိ/- စျေး၊သခွားသီး ၃၅၀ဝိ/- နှင့် ၅၀၀ဝိ/-၊ ရင်ကွဲသရက်သီးတစ်လုံးလျှင် ၁၂၀ဝိ/-နှင့် ၁၅၀ဝိ/- စျေးတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)