
မန္တလေးမြို့တွင်းသို့ အင်းလေးဒေသထွက်နှင့် ရွာငံဒေသထွက်ခရမ်းချဉ်သီးအချိုသီးများ ဝင်ရောက် မှုများပြားလာသည့်အတွက် ခရမ်းချဉ်သီးဈေးကျလာခဲ့သည် ခရမ်းချဉ်သီးကို ဟင်လျာ ချက်ပြုတ်ရာ တွင်သာမက ခရမ်းချဉ်သီးအစိမ်းကို အသုတ်သုတ်၍လည်းကောင်း၊ အသုတ်မျိုးစုံ များတွင်လည်းထည့်၍ စားသုံးမှုများပြုကြသည်။ခရမ်းချဉ်သီးပေါများသည့်အချိန်တွင် ခရမ်းချဉ်သီးအချိုသီးကို ယိုထိုး၍ လည်းကောင်း ခရမ်းချဉ်သီးအနှစ်ပြုလုပ်၍လည်း ရက်ရှည် ထား၍ ရှားပါးသည့်အချိန်တွင်အသုံးပြုရန် ပြုလုပ်ကြသည်။ ဇူလိုင်လတွင် ခရမ်းချဉ်သီး ၁ပိဿာနှင့် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ အရောင်းအဝယ်ရှိခဲ့ပြီး စက်တင်ဘာလတွင် ၁ပိဿာလျင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိရှိပြီး ရမည်းသင်း၊ ပျော်ဘွယ်ဒေသထွက် ဗမာခရမ်းချဉ်သီးမှာ ၁ပိဿာလျှင် ၆၈၀၀ကျပ်နှင့် အစိတ်သားလျှင် ၂၀၀၀ကျပ်ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)