
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်ကြရာမှ ဝက်မွေးမြူရေးလုပ်ငန်းကိုပါ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။
ယခုလို ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိရာတွင် အသားတိုးဝက်နှင့် အသားကျဝက်ဟု နှစ်မျိုးမွေးမြူကြပါသည်။ ဝက်သားကျ မွေးမြူသူများမှ သားဖောက်ရောင်းသော သားပေါက်ကလေးများကို အသားတိုးဝက်မွေးမြူရန်အတွက် ဝက်ပေါက်ကလေး တစ်လခွဲသားများကို ဝယ်ယူပြီး မွေးမြူရကြောင်း၊ ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဝက်သားပေါက် ဈေးနှုန်းများမှာ အကောင်အကြီးအသေး နှင့် မျိုးကောင်း မကောင်း အပေါ်မူတည်၍ ဝက်သားပေါက် အကြီး တစ်ကောင်လျှင် (၄၀၀၀၀၀)ကျပ်၊ ဝက်သား ပေါက် အလတ် တစ်ကောင်လျှင်(၃၈၀၀၀၀)ကျပ် ဝက်သားပေါက် အသေး တစ်ကောင်လျှင် (၃၅၀၀၀၀) ကျပ်ဈေးအထိ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျက်ရှိပြီး ဈေးကောင်းရရှိသည့်အတွက် ဝက်သားကျ ဖောက် ရောင်းသူများ အနေဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)