
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက် ဝက်အူချောင်းဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။
၂၀၂၅ခုနစ်၊ စက်တင်ဘာလ ပထမပတ်တွင် ဝက်အူချောင်း တစ်ပိဿာလျှင်(၄၈၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၂၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၂၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၄၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဝက်အူချောင်း ဈေးနှုန်းအနေဖြင့် တစ်ပိဿာ လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဝက်အူချောင်း ရောင်းချ သူထံများမှ သိရပါသည်။
DOCA(စစ်ကိုင်း)
