
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ရာသီမရွေး ရောင်းချရန်အတွက် လက်လုပ်ချဉ်မျိုးစုံဖြစ်သည့် သရက်ချဉ်၊ သံပုရာချဉ်၊ ပဲတီပင်ပေါက်ချဉ်၊ မုံညှင်းချဉ်၊ သရက်ချဉ်၊ နှမ်းပတ်ချဉ် နှင့် မုံလာချဉ်တို့ကို ကိုယ်တိုင်လုပ်ပြီး ရောင်းချလျက်ရှိရာ စက်တင်ဘာလ ပထမပတ် အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်းမှာ လက္ကား တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာကို(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၈၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၆၀၀)ကျပ် လည်ကောင်း၊ နှမ်းပတ်ချဉ်ဈေးနှုန်းမှာ လက်ဖက်ရည်ကန် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)