
မုံရွာမြို့၊ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိမိတို့အိမ်ခြံမြေများနှင့် လယ်ယာမြေများ တွင် ဆူးပုတ်ကြီးပင်နှင့် ကန်စွန်းပင်များကို မီးဖိုချောင်စရိတ်သက်သာစေရန် စိုက်ပျိုးလေ့ရှိ ကြပြီး၊ စီးပွားဖြစ်စိုက်ပျိုးမှုများလည်း ရှိကြပါသည်။ ဆူးပုတ်ရွက်နှင့် ကန်စွန်းရွက်သည် ရာသီ မရွေးပေါ်ထွက်သော သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။ စိုက်ပျိုးရရှိသော ဆူးပုတ်ကြီးရွက် များနှင့် ကန်စွန်းရွက်များကို မုံရွာမြို့၊ သာစည်ဈေးတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။
ဩဂုတ်လ စတုတ္ထပတ်တွင် သာစည်ဈေးတွင် ဆူးပုတ်ကြီး(၁) စည်းလျှင် (၃၀၀) ကျပ် မှ (၃၅၀)ကျပ်နှင့် ကန်စွန်းရွက် (၁)စည်းလျှင်(၂၀၀)ကျပ်၊ (၃)စည်းလျှင်(၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (စစ်ကိုင်း)