Main menu

“ သန်လျင်မြို့နယ်ထမလုံဈေးအတွင်းရှိ စားသုံးဆီလက်လီလက်ကားရောင်းချသည့် ကိုယ်စားလှယ်များအားတွေ့ဆုံဆွေးနွေးခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထမလုံဈေးအတွင်း စားသုံးဆီ ခွဲတမ်းရရှိသည့် လက်လီလက်ကား ကိုယ်စားလှယ်များအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးမှ ခွဲတမ်းရရှိသည့် စားသုံးဆီများအား အိမ်ထောင်စုအလိုက် အလေးချိန်မှန်၊ ဈေးနှုန်းမှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝ ရောင်းချနိုင်ရေးအတွက် ဩဂုတ်လ(၂၇)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးက တက်ရောက်လာသည့် စားသုံးဆီ ခွဲတမ်းရရှိသည့် ကိုယ်စားလှယ် (၃၅)ဦး တက်ရောက်ပြီး စားသုံးဆီများအား ရောင်းချရာတွင် စားသုံးသူပြည်သူများ လက်ဝယ်သို့ အိမ်ထောင်စုစာရင်းအလိုက် အလေးချိန်မှန်မှန်နှင့် ပြည့်ပြည့်ဝဝရောင်းချရန်၊ ရောင်းချရာတွင်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာလျက်ရှိသည့် အခြေခံလက်ကားရည်ညွှန်းဈေးအပေါ် ဒေသအရောက် အမြတ် (၂%)ထက်မပိုသော ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)