Main menu

ကျန်းမာရေးအတွက် ကောင်းမွန်စေသည့် ကျောက်ဖရုံသီးနှင့် ဂေါ်ရခါးသီး ဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ကုန်စိမ်းသီးနှံမျိုးစုံများအနေဖြင့် မိမိတို့‌ဒေသတွင်းမှထွက်ရှိသည့် ကျောက်ဖရုံသီးများလည်း ရောင်းချ လျက်ရှိပြီး ဂေါ်ရခါးသီးများကို မန္တလေးမြို့မှမှာယူ ရောင်းချပြီးအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ အလုံးကြီး တစ်လုံးလျှင် (၈၀၀)ကျပ်နှင့် အလုံးသေး တစ်လုံးလျှင် (၇၀၀) ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ကျောက်ဖရုံ သီး သေးတစ်လုံးလျှင်(၃၅၀၀)ကျပ်နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင် (၁၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချသူထံမှသိရသည်။

DOCA (စစ်ကိုင်း)