
ပြင်ဦးလွင်ဒေသနှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးအနီးတဝိုက်မှ နဂါးမောက်သီးများ မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ထိုမှတစ်ဆင့် မန္တလေးမြို့အတွင်းရှိ ဈေးကလေးများသို့ ဝယ်ယူရောင်းချကြသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက် မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသား အနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ ဖြစ်ကြောင်း သိရသည်။ ယခုအချိန်သည် နဂါးမောက်သီး ခူးဆွတ်ရာသီဖြစ်သောကြောင့် ဈေးကွက် အတွင်း လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ နဂါးမောက်သီးသည် မေလမှ အောက်တိုလာလအထိ (၇-၈) ကြိမ်ခန့်ခူးဆွတ်ရပြီး တစ်နှစ်လျှင် (၅-၆)လခန့် ဝင်ငွေရရှိနေသော စီးပွားရေးတွက်ခြေ ကိုက်သည့် ဥယျာဉ်ခြံထွက် သီးနှံတစ်ခုဖြစ်ကြောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း မန္တလေးမြို့ သစ်သီးဈေး ကွက်အတွင်းရောင်းချနေသော နဂါးမောက်သီးဈေးနှုန်းများမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် (၅၀၀/၇၀၀/၁၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(မန္တလေး)