
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများရှိ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာကုန်းကွက်များတွင် တဇောင်းပင်များ သဘာဝအလျှောက် အလေ့ကျပေါက်ရောက်လေ့သည့်နေအိမ်ခြံစည်းရိုးများ၌ စိုက်ပျိုးသည့်အလေ့လဲရှိကြပြီး ရာသီအလိုက် ဖူးပွင့်လာသော တဇောင်းဖူးများကို ချို၍ ရောင်းချလျက်ရှိ ကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက်ရှိသည့် တဇောင်းဖူး ဈေးနှုန်းများမှာ (၁၀/၁၅)ဖူး တစ်ပုံလျှင်(၈၀၀)ကျပ်၊ (၂)ပုံလျှင်(၁၅၀၀)ကျပ်နှင့် တဇောင်းပွင့်(၁၀/၁၅)ပွင့် တစ်ပုံလျှင်(၅၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း တဇောင်းဖူး၏ အရသာမှာ အချိုဓါတ်ရှိပြီး နုညံ့ကာချောကျိကျိ အရသာရှိကြောင်း တဇောင်းဖူးများကို ပုဇွန်ခြောက်ဖြင့် ကြော်စားခြင်း၊ အခြားအသီးအနှံများဖြင့် ရောနှောချက် စားခြင်းအပြင် ရေနွေးဖျောပြီး မြေပဲဆံထောင်း ၊ ငပိဆီကျက်တို့ဖြင့်လည်းသုပ်စားကြပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်သောကြောင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံ ရောင်းချသူထံမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)