Main menu

တောင်ငူမြို့နယ်အတွင်းရှိ ရေချိုငါးဈေးကွက်

Powered by Drupal

     မြန်မာနိုင်ငံသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်ပေါများသောနိုင်ငံဖြစ်သည်နှင့်အညီ ၎င်းမြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရေချိုငါးမျိုးစုံ ကျင်လည်ကျက်စားလျက်ရှိပါသည်။ ယခုအခါ မိုးရာသီဖြစ်သည့်အတွက် မြန်မာနိုင်ငံရှိ တံငါလုပ်ငန်းလုပ်ကိုင်ကြသည့် တံငါသည်များ၏ ငါးဖမ်းရာသီဖြစ်သည့် အတွက် ရေချိုငါးပေါများသည့်ရာသီဖြစ်ပါသည်။

       တောင်ငူမြို့နယ်တွင် ငါးရံတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ငါးနုစမ်းတစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ငါးသားလောက် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးမဲလုံးတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ငါးခုံးမတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးကြင်း ဖြူတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ် အသီးသီးဈေးနှုန်းဖြစ်ပေါ်နေပြီး ရေချိုငါးပေါများသည့် ရာသီဖြစ်သည့်အတွက် အရောင်းအဝယ်အေးနေကြောင်း ငါးဒိုင်များနှင့် ခေါင်းရွက်ငါးသည်များ၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)