Main menu

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၂၇.၈.၂၀၂၅ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားကာ အစည်းအဝေးအား စတင်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Zoom Meeting ခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးက ဆန်စီးဝင် စီးထွက်အခြေအနေများ၊ ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး (အရှေ့/ အနောက်) ရှိ ဆန်စက် လုပ်ငန်းရှင်များအသီးသီးက မိမိတို့၏ အခက်အခဲများကို တင်ပြကြရာ တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ အစည်းအဝေးသို့ သက်ဆိုင်ရာဌာန အကြီးအကဲ များနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ပွဲရုံလုပ်ငန်းရှင်များနှင့် ဆန်ကုန်သည် (၈)ဦးတို့ တက်ရောက်ခဲ့ကာ ခရိုင်များမှ ပဲခူးတိုင်းဒေသကြီး (အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ဆန်စက်ပိုင်ရှင်များ စုစုပေါင်း (၇၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)