
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဆန်စက်ပိုင်ရှင်များနှင့် ခရိုင်ဦးစီးမှူးတို့သည် ၂၇.၈.၂၀၂၅ ရက်နေ့၌ တိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးမှ ဌာနဆိုင်ရာများနှင့် ဆန်စက်လုပ်ငန်းရှင်များ က Imperson ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးအတွင်း၊ ခရိုင်များရှိ ဆန်စက်လုပ်ငန်းရှင်များက Virtual ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။ ထိုအစည်းအဝေးတွင် ဆန်စီးဝင် စီးထွက် အခြေအနေများ၊ ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေများ၊ ဆန်စပါးဈေးနှုန်း၊ ဈေးကွက် အခြေအနေများအား ဆွေးနွေးအဖြေရှာခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ညောင်လေးပင်ခရိုင်ဦးစီးရုံး မှ ဆန်စက်လုပ်ငန်းရှင် (၈)ဦးသည် Virtual ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)