Main menu

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၂၆.၈.၂၀၂၅ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီ၌ ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း အဝေးအား ကျင်းပခဲ့ရာ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားကာ အစည်းအဝေးအား စတင်ခဲ့ကြောင်း သတင်းရရှိပါသည်။

       အဆိုပါအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ရာ စားအုန်းဆီ ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ လက်ရှိလုပ်ငန်းလုပ်ဆောင်နေမှု အခြေအနေများ၊ ရှေ့ဆက် ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ အစည်းအဝေးသို့ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာနအကြီးအကဲများ၊ စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဦးစီးမှူးနှင့် ဆီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)