Main menu

ကန့်ဘလူမြို့မဈေးတွင် ရာသီစာအင်ဥ(မှိုစေ့)များ ဝင်ရောက်လျက်ရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိပြီး ဈေးရောင်းသူများ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း၊ ရာသီစာအင်ဥများ ရောင်းချလျက်ရှိရာ အင်ဥကို စားသုံးသူများက အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသုတ်၊ အသီးအရွက်များနှင့်ရော၍ အရသာရှိသော စားသောက်ဖွယ်ရာဖြစ်အောင် အမျိုးမျိုးချက်ပြုတ်စားသုံးကြကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အင်ဥ(မှိုစေ့) နို့ဆီဘူး(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ လက်လီတစ်ပြည်လျှင် (၂၀၀၀၀)ကျပ်၊ လက်က္ကားတစ်ပြည်လျှင် (၁၉၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အင်ဥ(မှိုစေ့)များ အဝင်နည်းလာ၍ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)