
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာထုပ်နှင့် ပန်းဂေါ်ဖီတို့ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ ကြက်သွန်ဖြူကို မိမိဒေသထွက်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း မြို့မဈေးတွင် ကြက်သွန်ဖြူကြူကုတ် (၁)ပိဿာလျှင် (၁၀၀၀၀မှ ၁၃၀၀၀)ကျပ်၊ ဗမာဖြူ(၁)ပိဿာလျှင်(၉၀၀၀)ကျပ်၊ အညံ့(၁)ပိဿာလျှင် (၅၀၀၀မှ ၈၀၀၀)ကျပ်နှင့် ဗမာဖြူ(၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခင် ဩဂုတ်လနောက်ဆုံးပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုလ ပထမပတ်အတွင်း ကြက်သွန်ဖြူ ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)