Main menu

ရာသီစာ နှမ်းထောင်း၊နှမ်းဆုပ်များ အရောင်းအဝယ်ကောင်း

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊မိတ္ထီလာမြို့မဈေးတွင် ဒေသထွက်အစားအစာများ၊ ဒေသထွက်အသီးအနှံများနှင့်အခြားဒေသမှဝင်ရောက်လာသည့်အရန်သင့်အစားအစာများ ရောင်းချလျှက်ရှိပါသည်။

           နှမ်းဆုပ်သည်အညာဒေသ နှမ်းပေါ်ချိန်များတွင်စားရသော ဒေသထွက်အစားအစာ တစ်မျိုးဖြစ်သည်။  နှမ်းများကို ခဲ၊သဲသန့်စင်ပြီးနောက် လှော်၍ ထန်းညှက်နှင့်ရောထောင်းပြီး  ဆုပ်ထားသော နှမ်းဆုပ်များကို လူကြီး၊လူငယ်မရွေး  ကြိုက်နှစ်သက်ကြပါသည်။ ရှေးယခင် ကပင် နှမ်းဆုပ်ကို နှမ်းစိုက်တောင်သူများအနေနှင့် နှမ်းပေါ်ချိန်တွင် မိသားစုစားသုံးရန်နှင့် လက်ဆောင်ပေးရန် ပြုလုပ်ကြသော်လည်း စားသုံးသူများနှစ်သက်သည့်အတွက် ဈေးကွက်တွင် ရာသီမရွေး ရောင်းချရန် တစ်ပိုင်တစ်နိုင်ပြုလုပ် ရောင်းချလာကြတာ တွေ့ရပါသည်။ နှမ်းဆုပ် (၁၀)ကျပ်သားလျှင်  (၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ် ၊ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်တို့ဈေးရှိပြီး အချိုပွဲနှစ်သက်တဲ့ စားသုံးသူများ အတွက် ရိုးရာအစားအစာတစ်ခုအနေနှင့် အရောင်းအဝယ်သွက်လျှက်ရှိကြောင် သိရှိရပါသည်။

DOCA (မန္တလေး)