Main menu

ကန့်ဘလူမြို့ သစ်သီးဈေးကွက်ရှိ မင်းကွတ်သီးနှင့် ကြက်မောက်သီးဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ ယခု စက်တင်ဘာလ ပထမပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ ဝင်ရောက်မှုလျော့နည်းလာကြောင်း၊ ကြက်မောက်သီးနှင့် မင်းကွတ်သီးများသည် မော်လမြိုင်ဒေသထွက်နှင့် မန္တလေးတိုင်း ဒေသကြီးမှလည်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် မင်းကွတ်သီး အကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေး(၁)လုံး(၃၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ ကြက်မောက်သီး အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၅၅၀)ကျပ်နှင့် (၁၀)လုံးလျှင် (၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မင်းကွတ်သီးဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)