
ရမည်းသင်းမြို့နယ်တွင် ဩဂုတ်လတတိယပတ်၌ ဝါဈေးကွက်တွင် ဝါဈေးနှုန်းငြိမ်နေကြောင်း သိရသည်။ ဝါဈေးကွက်မှာ ယခုအခါမိုးကြိုဝါနှင့် အရောင်းအဝယ်ဖြစ်ပျက်လျက်ရှိပြီး မိုးကြိုဝါကို ဇူလိုင် လမှစ၍ ဈေးကွက်သို့ဝင်ရောက်လာရာ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၄၁၀၀)ကျပ် ဈေးများနှင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မိုးကြိုဝါမှာ စိုက်ပျိုးမှုနည်းသဖြင့် ဈေးကွက်သို့ဝင်ရောက်လာမှုမှာလည်း နည်းကာ ဩဂုတ်လတတိယပတ်မှာတော့ အဝင်နည်းသွားပြီဖြစ်ကြောင်းသိရသည်။ ဝါဈေးမှာ ယခုအခါ တစ်ပိဿာလျှင်(၃၅၀၀)ကျပ်ရှိပြီး ဒေသတွင်းကုန်သည်များမှ ဝါကိုဂွမ်းပြုလုပ်၍ မန္တလေးမြို့ရှိ ချည်မျှင်စက်များသို့တင်ပို့ရာ ဂွမ်းတစ်ပိဿာလျှင် (၉၀၀၀/၁၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချရကြောင်း သိရသည်။
DOCA (မန္တလေး)