
သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခု တစ်ပတ်(၂၂.၈.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲ မှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၉၅ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၉၁၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၅၄၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၁၄၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၉၅၅ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၉၀၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၆၁၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၃၂၃၅ ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ၉၀ ကျပ် ဈေးကျပြီး ဒီဇယ်(ရိုးရိုး) မှာ ၇၅ ကျပ်ဈေးကျ ကြောင်း၊ ဓါတ်ဆီ (အဆင့်မြင့်)မှာ ၄၀ ကျပ်ဈေးတက်ပြီး ဓါတ်ဆီ(ရိုးရိုး)မှာ ၁၅ ကျပ် ဈေးတက် လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)