
၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်၏ ရေဘဝဲနှင့် ကင်းမွန်များ ထိုင်းနိုင်ငံသို့ တင်ပို့မှုမှာ ၃၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ထိုင်းဈေးကွက်သည် ဗီယက်နမ်၏ထိုထုတ်ကုန်များအတွက် အဓိကဦးတည်ရာနေရာများထဲမှတစ်ခုဖြစ်လာရန် အလားအလာကိုပြသခဲ့ကြောင်း သိရ ပါသည်။ ယခုနှစ်၏ ပထမ ၆ လတာကာလတွင် ထိုင်းနိုင်ငံသို့တင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၃ သန်းတန်ဖိုးရှိခဲ့ပြီး ဗီယက်နမ်၏ စုစုပေါင်းရေဘဝဲနှင့် ကင်းမွန်တင်ပို့မှုတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ယခုနှစ်ပထမ ၃ လပတ်ကာလနှစ်ခုလုံးတွင် စံချိန်တင်ဂဏန်း ၂ လုံးကြီးထွားခဲ့ပြီး တည်ငြိမ်ပြီးဝယ်လိုအားကျယ်ပြန့်လာမှုကို ရောင်ပြန်ဟပ်ကြောင်း ဗီယက်နမ် ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း၏အဆိုအရ သိရပါသည်။ ကင်းမွန်တင်ပို့မှု မှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၂.၅ သန်းဖြင့် အဓိကပို့ကုန်အဖြစ်ဆက်လက်တည်ရှိနေပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃၅.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အခြောက် ခံထားသော၊ ကင်ထားသော၊ အဆင်သင့်စားသုံးနိုင်သည့်ကင်းမွန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော်ရရှိခဲ့ခြင်းဖြစ်ပြီး ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ လတ်ဆတ်သောကင်းမွန်၊ ကင်းမွန်အရှင်နှင့် အေးခဲထားသောကင်းမွန်တင်ပို့မှုမှာ ၂၅၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ရေဘဝဲသည် ဝင်ငွေရရှိမှုတွင် နည်းပါးခဲ့သော်လည်း သိသာစွာကြီးထွားခဲ့ကြောင်း သိရပါသည်။ ပြုပြင်ထုတ်လုပ်ထားသော ရေဘဝဲတင်ပို့မှုမှာ ၂၅၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အခြောက်ခံ ထားသော၊ ဆားစိမ်ထားသော၊ လတ်ဆတ်သော၊ အေးခဲထားသောရေဘဝဲနှင့် ရေဘဝဲအရှင် တင်ပို့မှုမှာ ၄၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ သိသာထင်ရှားသည့်အလားအလာ များနှင့်အတူ အနာဂတ်တွင် ထိုင်းနိုင်ငံသည် ဗီယက်နမ်၏ ရေဘဝဲနှင့် ကင်းမွန်ကဏ္ဍအတွက် အဓိကဈေးကွက်များထဲမှတစ်ခုဖြစ်လာနိုင်ကြောင်း အသင်းကပြောကြားခဲ့ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဂျင်တီးနားတို့ထံမှ နည်းပါးသောဈေးနှုန်းများနှင့် တင်သွင်းသည့်အရင်းအမြစ်ကွဲပြားရန် ကြိုးပမ်းနေသောကြောင့် ယှဉ်ပြိုင်မှုဖိအားနှင့်ပတ်သတ်၍ အသင်းကသတိပေးခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် အသင်းက ဗီယက်နမ်လုပ်ငန်းများကို ယှဉ်ပြိုင်နိုင်စွမ်းဆက်လက်ထိန်းသိမ်းရန်အတွက် ပြုပြင်ထုတ်လုပ်မှုတိုး တက်ရန်၊ အားကောင်း သောထောက်ပံ့မှုကွင်းဆက်တည်ဆောက်ရန်နှင့် အရည်အသွေးနှင့် ကုန်ကျစရိတ်လိုအပ်ချက် များ ကိုက်ညီရန်အပေါ် အဓိကအာရုံစိုက်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)