
စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် စက်တင်ဘာ လ ပထမပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ)၃၇၀၀၀၀ကျပ်စားတော်ပဲ(ကျွန်း) ၆၅၀၀၀၀ကျပ်နှင့် ၆၇၀၀၀၀ ကျပ်၊တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ) ၆၂၄၅ကျပ်၊ စားတော်ပဲ(ကျွန်း) ၁၀၉၇၀ကျပ်နှင့် ၁၁၃၀၈ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါ သည်။ ယခင်နှစ်ကာတူတစ်ပိဿာပေါက်စေျးမှာစားတော်ပဲ (ကနေဒါ)၈၇၇၆ ကျပ်၊ စားတော်ပဲ(ကျွန်း) ၆၀၇၆ ကျပ်နှင့် ၆၉၂၀ကျပ်ဖြစ်ပြီး၊ယခုနှစ်နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါကတစ်ပိဿာလျှင် စားတော်ပဲ(ကျွန်း)၄၃၈၈ ကျပ်တို့စျေးပိုမိုရရှိ ကြောင်း သိရပါသည်။
DOCA (မန္တလေး)