
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၁လအတွင်း မအူပင် ဆန်တင်ပို့မှု အိတ် ၁၀၁၃၅ ၊ ပန်းတနော် ဆန်တင်ပို့မှု ၁၆၁၅၈၊ ညောင်တုန်းဆန်တင်ပို့မှု ၁၁၃၂၅၀၊ ဓနုဖြူမြို့ဆန်တင်ပို့မှု ၂၀၃၅၂ အိတ်နှင့် စုစုပေါင်း (၁၅၉၈၉၅) တင်ပို့ပြီး တန်အားဖြင့် ၇၉၉၄ တန်တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားမြို့နယ်များမှ တင်ပို့မှုနိုင်မှု အနေဖြင့် ၁၀၉၄၉၀ အိတ် နှင့် တန်အားဖြင့် ၅၄၇၄ တန်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ဇူလိုင်လနှင့် ဩဂုတ်လ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဩဂုတ်လ မအူပင်ခရိုင် ၄မြို့နယ်မှ ဆန်မြို့နယ်တင်ပို့မှု (၁၅၉၈၉၅) တင်ပို့ပြီး (၃၇၅၂)အိတ် လျော့နည်းတင်ပို့ကြောင်း ၊ အခြားမြို့နယ်တင်ပို့မှုမှာ ဇူလိုင်လ ဆန် ၃၀၆၂၉၁ အိတ် တင်ပို့သောကြောင့် ယခုလ (၁၉၆၈၀၁) အိတ် လျော့နည်းတင်ပို့ကြောင်း တွေ့ရှိရသည်။ ဧရာဝတီတိုင်း ဒေသကြီးထွက် ဆန်များကို သီလဝါဆိပ်ကမ်း၊သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်း စက်မှုဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)