
မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ချောင်းကလေးကျေးရွာ၊ ရွှေတော်မှော်ကျေးရွာ၊ ထနီးကျေးရွာများ တွင် ငှက်ပျောသီးပင်များ စိုက်ပျိုးလျက်ရှိသည်။ မအူပင်ခရိုင်အနေဖြင့် ငှက်ပျောစိုက်ဧက (၄၉၄၆၅) ဧကရှိကြောင်း မြို့နယ်စာရင်းများအရသိရသည်။
ထွက်ရှိသော ငှက်ပျောများကို မအူပင် အခွန်လွတ်ဈေးအတွင်းရောင်းချနေပြီး ငှက်ပျောရောင်းချသော ဆိုင်ကြီးများ ရှိသလို ရွာဈေးသည်များမှလည်း ဈေးအတွင်း လာရောက် ရောင်းချနေကြသည်။ ငှက်ပျော ၁ဖီးလျှင် ၂၀၀၀-၂၅၀၀ကျပ်ဖြင့် ရွာမှ ခြံထွက် တိုက်ရိုက်လာရောက်ရောင်းချသူများရှိပြီး တစ်ပါတ်လျှင် ၅ရက် ရောင်းချပြီး ငှက်ပျောအဖီးရေ တစ်နေ့လျှင် ၅၀-၇၀ ခန့်ရောင်းချရကြောင်း သိရသည်။ ငှက်ပျော ဆိုင်ကြီးများမှ ၁ဖီးလျှင် ၂၅၀၀-၃၀၀၀ကျပ်ဖြင့် ရောင်းချနေကြောင်းလဲသိရသည်။ ငှက်ပျောသီး ရောင်းချသော ဆိုင်ကြီးများသည် တစ်လလျင် ၃ကြိမ် ရွာများမှ တစ်ကြိမ်လျှင် အခိုင်ရေ ၅၀ခန့် အဖီးရေ ၅၀၀ခန့် ခြံများမှ လာပို့ကြောင်း၊ ငှက်ပျောတစ်ခိုင်လျှင် ငွေကျပ် ၂၀၀၀၀ကျပ်ဖြင့် လက်ကားဈေးဝယ်ယူရ၍ ၁၀၀၀၀၀၀ကျပ် ရင်းနှီးရပြီး အကျိုးအမြတ်အနေဖြင့် ၁လလျှင် ၁၅၀၀၀၀ ကျပ် အကျိုးအမြတ်ကျန်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရပါသည်။
DOCA(ဧရာဝတီ)