
တောင်ငူမြို့ ဈေးများရှိ သစ်သီးဆိုင်များတွင် ပန်းသီး၊ နဂါးမောက်သီး၊ လိမ္မောသီး၊ ပန်းသစ်တော်၊ ငှက်ပျောသီး၊ နဂါးမောက်သီး၊ သရက်သီးစသောဒေသထွက်နှင့် အခြားအရပ်ဒေသများမှ သစ်သီးဝလံ များလာရောက်ရောင်းချသည့်အပြင် အခြားဒေသများမှ သစ်သီးဝလံများကို မှာယူရောင်းချလျက်ရှိရာ ယခုအခါ တည်သီးများအား ကရင်ပြည်နယ်၊ မြဝတီမြို့မှတဆင့် မှာယူရောင်းချ လျက်ရှိပါသည်။
တည်သီး(Persimmoni)ပင်၏ မူရင်းဒေသသည် တရုတ်ပြည်ဖြစ်ပြီး ထိုမှတစ်ဆင့် အခြားနိုင်ငံ များဆီသို့ ပျံ့နှံ့လာခြင်းဖြစ်သည်ဟု သိရှိရသည်။ တည်သီးပင်၏သက်တမ်းသည် ၅၀-၇၅နှစ်ရှိပြီး သစ်သားအရည်အသွေးကလည်း ကောင်းမွန်သောကြောင့် အပင်အိုသွားသည့်အခါ သစ်မာအနေဖြင့် အသုံးပြုကြသည်။ အနံ့အရသာ ချိုချိုမွှေးမွှေးရှိပြီး အာဟာရဓါတ်များပေါကြွယ်ဝသဖြင့် ကျန်းမာရေးနှင့် အင်မတန်ညီညွှတ်လှပေသည်။
တည်သီးသည် အမျှင်ဓါတ်ကြွယ်ဝသဖြင့် အစာခြေစနစ်ကို အထောက်အကူပြုပေးပါသည်။ အူနံရံ များအား အာဟာရစုပ်ယူမှုကောင်းစေသလို ဝမ်းမှန်စေပါသည်။ အဆာခံနိုင်စေပြီး သွေးတွင်း သကြားဓာတ်မတက်အောင် အထိရောက်ဆုံးကာကွယ်ပေးပါသည်။ ထို့အပြင် ဆိုဒီယမ်ပါဝင်မှုနည်း သဖြင့် သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါသည်။ တည်သီးတွင် ဗီတာမင် C ပါဝင်မှုရှိသဖြင့် ကိုယ်ခံအားကို အကောင်းဆုံးမြှင့်တင်ပေးသည့်အတွက် အအေးမိဖျားနာ၊ တုပ်ကွေး စသည့်ရောဂါများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့်အပြင် ခုခံတိုက်ထုတ်စေနိုင်ပါသည်။ ပိုတက်ဆီယမ်နှင့် သကြားဓါတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ကိုအကောင်းဆုံး အားဖြည့်ပေးနိုင်သည့်အတွက် ခြေကုန်လက်ပမ်းကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်သည်ဟု လေ့လာသိရှိရသည်။ “တန်ဆေးလွန်ဘေး” ဆိုသည့်စကားအတိုင်း ရောဂါအခံရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်တို့သည် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စားသုံးသင့်ကြောင်းလည်း ဖတ်ရှု့လေ့လာရပါသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် တောင်ငူမြို့ဈေးများရှိ သစ်သီးဆိုင်များတွင် တည်သီးအလုံးသေး တစ်လုံးလျှင် ၂၅၀၀ ကျပ်၊ အလုံးကြီး တစ်လုံးလျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး များများဝယ်ယူ လိုပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း တောင်ငူမြို့ဈေးများရှိ သစ်သီးဝလံအရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(ပဲခူး)