
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း စက်တင်ဘာလ၊ ပထမပတ်တွင် ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများမှာ ကြက်ဥကြီး တစ်လုံးလျှင် (၅၅၀)ကျပ်၊ အလတ် တစ်လုံးလျှင် (၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၄၂၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
ဘဲဥဈေးနှုန်းများမှာ အလုံးကြီး (၁)လုံးလျှင် (၆၀၀)ကျပ်၊ အလတ် (၁)လုံးလျှင် (၅၅၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ယခု စက်တင်ဘာလ၊ ပထမပတ် တွင် တစ်နေ့ ရောင်းအား အခြေအနေမှာ အလုံးရေ (၃၅၀၀)လုံးမှ (၄၀၀)လုံးထိ ရောင်းချရပါ ကြောင်း၊ ကြက်ဥ ၊ ဘဲဥ ရောင်းချသူလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(ပဲခူး)