Main menu

  စက်တင်ဘာလပထမပတ်ပဲပုတ်စျေးကွက်

Powered by Drupal

        ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်းပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ် (ရှမ်း) ၂၅၀၀၀၀ကျပ်နှင့်၂၈၀၀၀၀ကျပ်၊ ပဲပုတ်(ဗမာ) ၃၇၀၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုတ် (ရှမ်း) ၄၆၉၅ ကျပ်နှင့်၅၂၅၈ ကျပ်၊ပဲပုတ်(ဗမာ) ၆၉၄၈ကျပ် တို့ဖြစ် ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၇၁၃၆ ကျပ်နှင့် ၇၃၂၄ ကျပ်၊ပဲပုတ်(ဗမာ) ၆၉၄၈ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခုနှင့်ယခင် နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲပုတ် (ရှမ်း)စျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်းသိရပါသည်။

DOCA (မန္တလေး)