Main menu

ရာသီပေါ် မြိတ်ဒေသထွက် အာတာလွတ်ဥစျေးနှုန်း

Powered by Drupal

    အာတာလွတ်ဥကို မြိတ်မြို့၊ ကျေးရွာနှင့် မြို့များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး ဒေသတွင်း စားသုံးရန်သာမက ရောင်းချရန်အတွက်ပါစိုက်ပျိုးလျက်ရှိသည်။ အာတာလွတ်ဥသည် အပူပိုင်းဒေသထွက် သစ်ဥ၊ သစ်ဖု တစ်မျိုးဖြစ်ပြီး စျေးများနှင့် မြို့များ၌ ပြုလုပ်သောစျေးပွဲများတွင် အများဆုံးရောင်းချကြသည်။ အာတာလွန်ဥကို ပြုတ်စာကြသလို ကြော်စား၊ ချက်စားကြပါသည်။ အမျှင်ဓါတ်များစွာပါဝင်နေပြီး သွေးတွင်းသကြားဓါတ်ထိန်းပေးသည့်အတွက် ကျန်းမာ‌ရေးအရ စားသုံးရန်သင့်ပါသည်။  မြိတ်မြို့တွင် အာတာလွတ်ဥ စတင်ထွက်ရှိပြီး စျေးနှုန်း အနည်းငယ် ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

    ယခင်က မြိတ်မြို့တွင် အာတာလွတ်ဥ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ခန့်သာရရှိသော်လည်း လက်ရှိစက်တင်ဘာလတွင် (၁)ပိဿာ(၁၀၀၀၀)ကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)