Main menu

ကန့်ဘလူမြို့၏ (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ဈေးနှုန်း၊ဈေးကွက်

Powered by Drupal

     ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ထို(မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်များကို ကန့်ဘလူမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး ) မုန့်ဖက်ဈေးနှုန်းများမှာ ()ပိဿာ လျှင် (၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင် (၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊မုန့်ဟင်းခါး)မုန့်ဖက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)