Main menu

ပန်းစျေးအနည်းငယ်ကျ

Powered by Drupal

                           မန္တလေးပန်းမျိုးစုံ  စျေးကွက်တွင်   မိုးရာသီချိန်အတွင်း   ဝင်ရောက်မှုများပြားပြီး၊ ပန်းမျိုးစုံအရောင်းသွက်လျက်ရှိကြောင်း   သိရှိရပါသည်။  မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်း ဒေသကြီး၊ရှမ်းပြည်နယ် တောင်ကြီး ဒေသတို့မှ စိုက်ပျိုးသည့် ပန်းများ ဝင်ရောက်ကြောင်း သိရှိရ ပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်အတွင်း ပန်းတစ်စီးလျှင် လက်လီပေါက် စျေး အနေဖြင့် ပန်းတိမ်မနိုင်ပန်း ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ဂန္ဓာမာ ပန်းကြွေဖြူ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ အရောင်အမျိုးအစားအလိုက် ဂန္ဓာမာပန်း အပွင့်သေး  ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊မေမြို့ပန်း ရောင်စုံ ၂၅၀ဝိ/- နှင့် ၃၅၀ဝိ/သစ္စာပန်း၄၀၀ဝနှင့် ၄၅၀ဝိ/-၊လီလီပန်း ၁၅၀၀ဝိ/- နှင့် ၂၀၀၀ဝိ/-၊ သပြေပန်း ၇၀ဝိ/- နှင့် ၁၀၀ဝိ/-၊ အာဆီယံသပြေ ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ နှင်းဆီပန်း ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ကျောက်စိမ်းပန်း ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ညွှန့် ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- သစ်ခွပန်း ၄၀၀ဝိ/-နှင့် ၆၀၀ဝိ/- စျေးဖြင့်ရောင်းချလျက်ရှိပြီး၊ မိုးရာသီချိန်အတွင်း ပန်းမျိုးစုံဝင်ရောက်မှုများ သည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း  မန္တလေးမြို့၊ သီရီမာလာစျေးရှိ ပန်းရောင်း ချသည့်ဆိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)