Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရာသီပေါ်ဩဇာသီးများ ဈေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ဥယျာဉ်၊ ပန်း တော်ပြင်၊ မယ်ဇလီတော၊ ညောင်ပင်သာ စသည့်ကျေးရွာများနှင့် မြို့ပေါ်ရှိရပ်ကွက်များတွင် ဩဇာသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ဇေယျာသီရိဈေးအတွင်းသို့ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)မှစတင်၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ဩဇာသီး()ပိဿာလျှင် (အလုံးအကြီး၊အ သေး) အလိုက် ကျပ်(၃၀၀၀-၃၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ပေါ်စအချိန် ဩဂုတ် လ (တတိယပတ်)တွင် ()ပိဿာလျှင် ကျပ်(၄၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ် ပါက ယခုတစ်ပတ်တွင် ကျပ်(၅၀၀)ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင်သာမက မကွေး၊ မင်းဘူး၊ သရက်မြို့တို့မှ ဩဇာသီးများ ဝင်ရောက်လာသည့်အတွက် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)