Main menu

မင်းဘူးမြို့၊ မြို့မဈေး၌ ပိန်းဥများလှိုင်လှိုင်ဝင်ရောက်၍အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ပိန်းဥကို ပွင့်ဖြူမြို့နယ် အတွင်း ရှိကျေးရွာများမှမှာယူရောင်းချပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် စတင်ဝင်ရောက်ပြီး ယခု စက်တင်ဘာလ(ပထမပတ်)တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ပိန်းဥ()ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စတင်ထွက်ပေါ်ကာစဈေးနှုန်းအတိုင်းပြောင်းလဲမှုမရှိကြောင်း သိရ သည်။ ပိန်းဥသည် အာဟာရဓါတ်ပြည့်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိ ကြောင်း၊ ပိန်းဥကိုစားပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေခြင်း၊ အစာချေစနစ်ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကာကွယ်ပေးနိုင်ခြင်းနှင့် ကယ်လိုရီလျှော့ကျစေခြင်း စသည့်အကျိုး ကျေးဇူးများစွာရရှိကြောင်း သိရှိရသည်။

DOCA(မကွေး)