
ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း စက်တင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ငစိန်ဆန်တစ်ပြည်(၃၈၀၀)ကျပ်၊ တစ်အိတ်လျှင် (၉၁၀၀၀)ကျပ်၊ ဧည့်မထ (မနောသုခ)ဆန် တစ်ပြည် လျှင်(၃၅၀၀)ကျပ်၊ တစ်အိတ်လျှင်(၈၄၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်(ရွှေဘို) တစ်ပြည်(၇၁၀၀)ကျပ်၊ တစ်အိတ်လျှင်(၁၇၀၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဧရာ) တစ်ပြည်လျှင် (၄၅၀၀)ကျပ်၊ တစ်အိတ်လျှင် (၁၀၅၀၀၀)ကျပ်၊ ရွှေရင်အေးဆန် တစ်ပြည်လျှင် (၆၀၀၀)ကျပ်၊ တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်နှင့် ဇီယာရှယ် တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။
ဩဂုတ်လပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ငစိန်ဆန် တစ်ပြည်(၂၀၀)ကျပ်၊ တစ်အိတ်လျှင်(၄၈၀၀)ကျပ်၊ ဧည့်မထ(မနောသုခ)ဆန် တစ်ပြည်လျှင်(၃၀၀) ကျပ်၊ တစ်အိတ်လျှင်(၇၂၀၀)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ရွှေဘို) တစ်ပြည်(၁၄၀၀)ကျပ်၊ တစ်အိတ်လျှင် (၃၃၆၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းသွားကြောင်း၊ ဈေးနှုန်းများ ကျဆင်းရခြင်းမှာ ဆန်ရည်ညွှန်း ဈေးနှုန်းဖြင့် ဝယ်ယူရခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားရခြင်းဖြစ်ကြောင်းနှင့် ကျန်ဆန်ဈေးနှုန်းများ တည်ငြိမ်နေကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များမှ သိရှိရပါသည်။
DOCA(ကယား)