
မလေးရှားကားထုတ်လုပ်သူ Proton သည် ၎င်းတို့၏ ပထမဆုံးလျှပ်စစ်ကား ထုတ်လုပ်တပ်ဆင်သည့်စက်ရုံကို စက်တင်ဘာလ ၄ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး နိုင်ငံသည် ၎င်းတို့၏ လျှပ်စစ်ကားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအရှိန်မြှင့်တင်ရန်အတွက် ကြိုးပမ်းနေကြောင်း သိရပါ သည်။ ထိုစက်ရုံသည် မလေးရှား၏ အဓိကမော်တော်ကားထုတ်လုပ်ရာအချက်အချာဖြစ်သည့် western Perak state ၏ Automotive High-Tech Valley တွင်တည်ရှိပြီး ကနဦးနှစ်စဉ် ထုတ်လုပ်နိုင်စွမ်းမှာ ကားအစီးရေ ၂၀၀၀၀ ရှိကာ ၄၅၀၀၀ ထိ ထုတ်လုပ်နိုင်ရန်စီစဉ်ထားကြောင်း သိရပါသည်။ ပထမဆုံးထုတ်လုပ်မည့်မော်ဒယ်မှာ e.MAS 7 ဖြစ်ပြီး ၎င်း၏နောက်တွင် e.MAS 5 ကိုထုတ်လုပ်မည်ဟု သိရပါသည်။ Proton ကိုအဓိကအားဖြင့် မလေးရှားလုပ်ငန်းကြီး DRB HICOM ကပိုင်ဆိုင်ပြီး လက်ကျန်ရှယ်ယာ ၄၉.၉ ရာခိုင်နှုန်းကို တရုတ်၏ Zhejiang Geely Holding Group ကပိုင်ဆိုင်ကြောင်း သိရပါသည်။ စက်ရုံဖွင့်ပွဲတွင် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က စက်ရုံသစ်သည် မလေးရှားနှင့်တရုတ်ကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို ရောင်ပြန်ဟပ်ကြောင်းပြောကြားခဲ့ပြီး Geely အား ကားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်တင်ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးက ၎င်းတို့သည် Geely အား ထိုအခွင့်အရေးကို ကားများထုတ်လုပ်ရန်စက်ရုံသာမက လေ့ကျင့်ရေး နှင့်သင်ကြားရေးအတွက် အကောင်းဆုံးစင်တာအဖြစ် တည်ထောင်ရေး အသုံးချရန် အလိုရှိကြောင်း ပြောကြားခဲ့ပါသည်။ မလေးရှားအစိုးရသည် လျှပ်စစ်ကားများအတွက် ဒေသတွင်း အချက်အချာဖြစ်လာရန် ကြိုးပမ်း လျှက်ရှိပြီး ၂၀၃၀ ခုနှစ်တွင် ကားအသစ်ရောင်းချမှုအားလုံး၏ ၂၀ ရာခိုင်နှုန်းကို hybrid နှင့် လျှပ်စစ်ကားများဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရပါသည်။
DOCA (ရန်ကုန်)