Main menu

ကန့်ဘလူမြို့ပဲဈေးကွက်ရှိ ကုလားပဲမျိုးစုံဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲ သီးနှံကိုမှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် (၇၃၀၀၀)ကျပ်၊ (929)တစ်တင်းလျှင် (၇၅၅၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၇၆၀၀၀) ကျပ်နှင့် (V7)တစ်တင်းလျှင် (၇၇၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ စတုတ္ထပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း (V2)တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ (V7)တစ်တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိ သည့်ကုလားပဲများကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသ တွင်သီးနှံပွဲရုံများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)