Main menu

ကန့်ဘလူမြို့သီးနှံဈေးကွက်၌ ကြက်ဆူစေ့ဈေးနှုန်း ဆက်လက်မြင့်တက်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် ကြက်ဆူသီးနှံကိုစိုက်ပျိုးကြောင်း၊ ကြက်ဆူသီးနှံသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးပြီး ကန့်ဘလူမြို့ ပေါ်ရှိသီးနှံရောင်းဝယ်ရေး လုပ်ငန်းများရှင်များထံ ရောင်းချကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၄၈၅၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ နောက်ဆုံး ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ ပထမပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၂၀၀၀) ကျပ်ဈေးနှုန်းဆက်လက်မြင့်တက်နေကြောင်း၊ ကြက်ဆူစေ့များကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည် ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)