
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရေးအတွက် ချောင်းပိတ်မြောင်းပိတ် စနစ်ဖြင့် ၂၀၂၅ခု ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧက (၅၆၆၂၄) ရှိပြီး ယခုအခါ ၄၁၅၄၅ ဧက ကျော် စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျိုက်မရောမြို့နယ်အတွင်း ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့်စပါးစိုက်ပျိုး ထုတ်လုပ် မှုကဏ္ဍ ဖွံဖြိုးတိုးတက်စေရန် တောင်သူများအား နှစ်စဥ်မျိုးသန့်မျိုးစေ့ပံ့ပိုးခြင်း၊ ပေါင်ပျိုးစနစ်၊ မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးမှုစနစ်များဖြင့် ဇွန်လ ကုန်ထိ စိုက်ပျိုးပြီး ဧကစုစုပေါင်း ၄၁၅၄၅ ဧက စိုက်ပျိုးပြီးစီး၍ စိုက်ပျိုးရန် ဧက (၁၅၀၇၉) ကျန်ရှိနေပြီး စက်တင်ဘာလကုန်ထိ ဆက်လက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
DOCA (မွန်)