Main menu

အရောင်းသွက်သည့်တောင်ပို့မှို

Powered by Drupal

  မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း  ပြင်ဦးလွင် ဒေသ ထွက်တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်း မိုးရာသီချိန်တွင် ရရှိသည့် ပြင်ဦးလွင်ဒေသထွက်တောင်ပို့မှိုများ၊ငွေနှင်း မှုံမှို၊ကောက်ရိုးမှို၊အပ်မှို၊မှိုကြက်တောင်၊ ရှီတာကီမှို၊ ဝါးမှိုများ  တွေ့ရှိရပါသည်။   စျေးကွက်အတွင်း   သဘာဝအတိုင်းထွက် သည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတို့ တွေ့ရှိရပါသည်။  ၂၀၂၅ခုနှစ်စက်တင် ဘာလပထမပတ်အတွင်း မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့်   တစ်ပိဿာ ပေါက်စျေးများမှာ တောင်ပို့မှိုလက္ကားစျေး ၃၀၀၀ဝိ/-နှင့်၃၅၀၀ဝိ/-၊လက်လီစျေး ၄၀၀၀ဝိ/-၊  ငွေနှင်းမှုံမှိုလက္ကားစျေး ၇၀၀ဝိ/- စျေး၊လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကောက်ရိုးမှို လက္ကား စျေး ၉၅၀ဝိ/-လက်လီ စျေး ၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝိ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ) လက္ကားစျေး ၃၀၀၀ဝိ/- နှင့် လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင်  ၃၅၀ဝိ/- စျေး တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)