Main menu

ပန်းတနော်မြို့နယ်တွင် ရောင်းချနေသော ဂျင်းဈေးနှုန်း တည်ငြိမ်လျက်ရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရန်ကုန်မြို့မှမှာယူရောင်းချလျက်ရှိသည်၊  ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ အတွင်း ပန်းတနော် မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဂျင်း(ချင်း)တက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)