
မအူပင်မြို့နယ်တွင် ဒေသတွင်း တစ်ပိုင်တစ်နိုင် ထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်နေကြပြီး ဖရောင်းတိုင်ထုတ်လုပ်သူများ ရှိကြောင်း သိရသည်။ တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ အပိုဝင်ငွေရရှိနေ၍ လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်၊ ဖရောင်းတိုင်များကိုထုတ်လုပ်၍ ဒေသတွင်းဖြန့်ချီရောင်းချ လျက်ရှိသည်။
မအူပင်မြို့နယ်တွင် ရောင်းချနေသော ဖရောင်းတိုင်များမှာ အရွယ်အစား အမျိုးမျိုးရှိပြီး ဈေးနှုန်း အနေဖြင့် ၁နာရီခံ အတိုင်၃၀ပါ အထုတ်ကြီး ၁ထုတ်လျှင် ၂၈၀၀ကျပ်၊ ၁၇တိုင်တစ်ထုတ်လျှင် ၁၇၀၀ကျပ်၊ ၈တိုင်ထုတ် ၁ထုတ်လျှင် ၁၅၀၀ကျပ်၊ ၅တိုင်ထုတ် ၁ထုတ်လျှင် ၂၈၀၀ကျပ်၊ ၃၂တိုင်ထုတ် အသေး ၁ထုတ်လျှင် ၈၀၀ကျပ်၊ ၃၂တိုင် အလတ်ထုတ် ၁ထုတ်လျှင် ၅၀၀ကျပ်နှင့် ရန်ကုန်ထုတ် ၃၂တိုင် အတိုင်ကြီး ၁ထုတ်လျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပြီး ဖရောင်းတိုင်ထုတ်ဈေးနှုန်း များသည် ဈေးနှုန်း ကြီးမြင်ခြင်း မရှိကြောင်း သက်သာစွာဖြင့် ဝယ်ယူရရှိကြောင်းနှင့် ဖရောင်းတိုင်များကို ဘုရားဆီမီးပူးဇော်ရန် ၊ စေတီဘုရာများတွင် ဆီမီးထွန်းရန် လူအများဝယ်ယူရကြောင်း၊ သီတင်းကျွတ် ရာသီတွင် ဖရောင်းတိုင်ဈေး အနည်းငယ် မြင့်တက်တက်ကြောင်းကို ဖရောင်းတိုင်ရောင်းချသူထံမှ သိရသည်။
DOCA(ဧရာဝတီ)