Main menu

ပြည်ဒေသထွက် ပဲစောင်းလျားသီးဈေးကွက်

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားသော ဈေးများတွင် ဟင်းသီး ဟင်းရွက်များရောင်းချသည့်အထဲမှ ပဲစောင်းလျားသီးများလည်း ရောင်းချနေကြောင်းသိရှိရပါသည်။ ပဲစောင်းလျား သီးကို မြန်မာနိုင်ငံ အနှံ့အပြား စိုက်ပျိုးကြပါသည်။ ပဲစောင်းလျားသီးအတောင့်ကို ဟင်းသီးဟင်းရွက် အဖြစ် အသုံးပြု ကြပြီး ပဲစောင်းလျားမြစ်ကိုတော့ ပဲမြစ်အဖြစ် လူတို့စားသုံးကြပါသည်။

          ပဲစောင်းလျားသီးများကို ဇွန်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးကြကြောင်းသိရသည်။ စိုက်ပျိုးပြီး ရက် (၁၀၀)ခန့် အကြာတွင် အသီးများ ခူးဆွတ်နိုင်ပြီဖြစ်သည်။ တစ်ဧက စိုက်ပျိုးလျှင် အသီးနု (၁၅၀၀ - ၂၀၀၀)ပိဿာအထိ ထွက်ရှိနိုင်ကြောင်း အမြစ်မှာ (၁၂၀၀ - ၁၇၀၀)ပိဿာအထိရရှိကြောင်းသိရပါသည်။ ယခု စက်တင်ဘာလ၊ ဒုတိယ ပတ်တွင် ပဲစောင်းလျားသီး (၁၀)တောင့်လျှင် (၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)