Main menu

ပြည်ဒေသထွက် ရှောက်ရွက်ဈေးကွက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးအပါအဝင် အခြားဈေး များတွင် ရှောက်ရွက်များ ရောင်းချနေကြောင်း သိရပါသည်။ ရာသီပေါ် ဟင်းသီးဟင်းရွက် သစ်သီးဝလံ များအပြင် ရှောက်ရွက် များလည်း ရောင်းချနေကြောင်း သိရပါသည်။ ရှောက်ရွက်များကို လူနေအိမ်ခြံဝန်းအတွင်းနှင့် ခြံစည်းရိုးများတွင် မြေပို၊ မြေကွက်လွတ်များတွင် စိုက်ပျိုးကြောင်းသိရ သည်။

    ရှောက်ရွက်သည် အိမ်ရှင်မများ၏ မီးဖိုချောင်သုံးအနေဖြင့် အဓိကဟင်းလျာမဟုတ်သော်လည်း ဖြည့်စွက်စာ အဖြစ် စားသုံးကြသည်။ အသုပ်စုံအမျိုးမျိုးနှင့် ငါးချဉ်၊ ပုဇွန်ချဉ်၊ နှမ်းဖတ်ချဉ်များ သုပ်စားရာတွင်လည်း အနံ့မွေးစေရန် ရှောက်ရွက်ကို ပါးပါးလှီးထည့်လေ့ရှိပါသည်။ ဟင်းရည်ပူ တွင်လည်း ထည့်၍ စားသုံးကြသည်။ရှောက်ရွက်ကို တို့စရာ အဖြစ် အစည်းလေးများပြုလုပ်ကာ ဈေးများတွင် ရောင်းချကြသည်။ ရှောက်ရွက်ကို တို့စရာအဖြစ်သာမက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသဖြင့် စားသုံးသင့်သည်။ ငွေကုန်ကြေးကျ အလွန်များသည့် ရောဂါများ ဖြစ်သော ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ၊ ကင်ဆာရောဂါတို့ကို ရှောက်ရွက်စားသုံးခြင်းဖြင့် ထိရောက်စွာ ကာကွယ်ပေးသော ဓါတ်စာဖြစ်ပါသည်။

      ရှောက်ရွက် ဈေးနှုန်းများမှာ ရှောက်အညွှန့် (၅)ညွှန့်ပါ (၁)စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်း (၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းသူ တစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)