Main menu

မော်တော်ယာဉ်အာမခံထားခြင်းနှင့်ပတ်သက်၍ တိုင်ကြားမှုအပေါ် ဖြေရှင်းထားရှိမှုအခြေအနေ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီးနေ     တိုင်ကြားသူ တစ်ဦးသည် ၎င်းပိုင်ဆိုင်သည့် Private Car မော်တော်ယာဉ်အမှတ် 5Q/4734 ကို “x x x” Insurance အာမခံကုမ္ပဏီတွင် အလုံးစုံ မော်တော်ယာဉ်အာမခံထားရှိခဲ့ပြီး ပရီမီယမ် ကြေးများ အချိန်မီ နှစ်စဉ်ပေးသွင်းခဲ့သော်လည်း ၂၅-၃-၂၀၂၂ ရက်နေ့ “x x x”  Insurance က ပေးပို့လာသော အာမခံသက်တမ်းကုန်ဆုံးမည့်ရက် အကြောင်းကြားစာတွင် Penalty ကြေး များထည့်သွင်းကောက်ခံနေသဖြင့်  တိုင်ကြားလာခြင်းအပေါ် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ “x x x”  Insurance သို့ ဆက် သွယ်ဆောင်ရွက်ခဲ့ပါသည်။ “x x x”  Insurance  က စိစစ်ရာတွင် တိုင်ကြားသူသည်  ၎င်းပိုင်ဆိုင်သည့်  Private Car မော်တော်ယာဉ် အမှတ် 5Q/4734  ကို  ၄-၄-၂၀၁၉ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ “x x x”  Insurance အာမခံ ကုမ္ပဏီတွင် အလုံးစုံအာမခံထားရှိခဲ့ကြောင်းတွေ့ရှိရပါသည်။ ကားအာမခံထား ရှိချိန်တွင် မြန်မာနိုင်ငံအာမခံဥပဒေနှင့်အညီ ကားအာမခံနှင့်ပတ်သက်သည့် Terms and Conditions များဖော်ပြထားသည့် Private Car Policy နှင့် အာမခံထားသူများလိုက်နာရမည့် အာမခံ ဆိုင်ရာ စည်းကမ်းချက်များကို  တိုင်ကြားသူအား ရှင်းလင်းပြီးမှသာလျှင် အာမခံရယူစေခဲ့ခြင်း ဖြစ်ပြီး အာမခံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကိုလည်း မိတ္တူပေးအပ်ခဲ့ပါသည်။ တိုင် ကြားသူအာမခံထားရှိသည့် မော်တော်ယာဉ်သည် အာမခံထားရှိခဲ့သည့်ကာလအတွင်း ၂၀၂၀ ခုနှစ်၌ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သောကြောင့် လျော်ကြေးတောင်းခံမှု (၂) ကြိမ်နှင့်  ၂၀၂၁ ခုနှစ်၌ လည်း ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သောကြောင့် လျော်ကြေးတောင်းခံမှု (၂) ကြိမ် ပေးအပ်ခဲ့ပါသည်။ ဆုံးရှုံးခဲ့သည့် ပမာဏရာခိုင်နှုန်းအချိုး (Loss Ratio) ၄၅၃ % ဖြစ်ပေါ်ခဲ့ပါသည်။  မိမိတို့ ကုမ္ပဏီမှ သတ်မှတ်ထားသည့် အာမခံစည်းကမ်းချက် အပိုဒ် ၅ (၇) အရ လျော်ကြေး ဖြစ် ပေါ်ခဲ့သည့် အကြိမ်အရေအတွက်သည် အာမခံသက်တမ်းအတွင်း (၂) ကြိမ်နှင့်အထက် (သို့မဟုတ်) အာမခံသက်တမ်း (၂) နှစ်ဆက်တိုက် လျော်ကြေးပေါ် ပေါက်ခဲ့လျှင် Penalty ကြေးများကို ပရီမီယံကြေးတွင်ပေါင်းထည့်၍ ဖြည့်တင်းပရီမီယံကြေးအဖြစ် ကောက်ခံသွား မည်ကို ဖော်ပြသတ်မှတ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။ တိုင်ကြားသူအနေ ဖြင့် ၄-၄-၂၀၂၂ ရက်နေ့တွင် ပေးသွင်းရမည့် ပရီမီယံကြေးများကို ပေးဆောင်မှုမပြုတော့ဘဲ ကားအာမခံကို ဆက်လက်ရယူခြင်း မရှိပါကြောင်း “x x x”  Insurance အာမခံကုမ္ပဏီက ၆-၆-၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနသို့ ရှင်းလင်းပြန်ကြားလာပါသည်။  တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြန်မာနိုင်ငံအာမခံဥပဒေ၊ ကားအာမခံပေါ်လစီပါ Terms and Conditions များနှင့် အာမခံကုမ္ပဏီ ၏စည်းကမ်းချက်များအား နှိုင်းယှဉ်စစ်ဆေး ခဲ့ပါသည်။ ကားအလုံးစုံအာမခံနှင့် ဖြည့်သွင်းပရီမီယံကြေးများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များ၊ အာမခံပေါ်လစီများနှင့်အညီ ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါသည်။ တိုင်ကြားမှု ဖြစ်စဉ်သည် သက်ဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ပြီးဖြစ်၍ စားသုံးသူကာကွယ်ရေးဥပဒေ အရ ဖြေရှင်းဆောင်ရွက်ပေး၍မရပါကြောင်းကို ၄-၈-၂၀၂၂ ရက်နေ့တွင် တိုင်ကြားသူထံသို့ အကြောင်းကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။