တိုင်ကြားသူသည် “x x x” English Center ၏ Summer သင်တန်းတက်ရန် ငွေကျပ် (၈,၅၀,၀၀၀ိ/-) ဖြင့် အပ်နှံခဲ့ပြီး (၆) ရက်ခန့် ကျောင်းတက်ပြီးနောက် ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် ကျောင်းပိတ်သွားခဲ့ပါသည်။ ကျောင်းမှ Online ဖြင့် သင်ကြားရန် ဆက်သွယ်ပြောကြားလာသောကြောင့် မတက်နိုင်ကြောင်းပြောပြီး သင်တန်းကြေး ပြန်လည် ရယူလိုကြောင်း တောင်းဆိုခဲ့ရာ အဆင်ပြေမှုမရရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာခြင်းဖြစ်ပါသည်။ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ ၆-၈-၂၀၂၂ ရက် နေ့တွင် တိုင်ကြားသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အား တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ရာ သဘော တူညီမှုမရရှိခဲ့ပါ။ ထပ်မံတွေ့ဆုံညှိနှိုင်းဆွေးနွေးရန် လုပ်ငန်းရှင်အား ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှု မရှိခြင်း၊ သင်တန်းကျောင်းပိတ်ထားခြင်းတို့ ကြောင့် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပါသည်။ တစ်ဖက်သတ် စစ်ဆေးဆုံးဖြတ်နိုင်ရန်အတွက် လုပ်ငန်းရှင်အား လာရောက်ဖြေရှင်းပေးရေး တရားဝင်မှတ်ပုံတင်ဖြင့် မြန်မာ့စာတိုက်လုပ်ငန်းမှတဆင့် အကြောင်းကြားစာပေးပို့ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ကျောင်းအနေဖြင့် လာရောက်ဖြေရှင်းမှုမရှိသဖြင့် စားသုံးသူရေးရာကော်မတီ(၂/၂၀၂၂)တွင် ထပ်မံတင်ပြဆွေးနွေး ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၃၈ အရ လုပ်ငန်းရှင်သည် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ပြုပြင် မွမ်းမံပြီး (သို့မဟုတ်) ပြုပြင်ပြောင်းလဲပြီးမှ စားသုံးသူသို့ ရောင်းချခြင်းပြုလျှင် ယင်းကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းရန် တာဝန်ရှိသောကြောင့် ပုဒ်မ ၅၃ ပုဒ်မခွဲ (က) အရ “နစ်နာမှုများအတွက် သတ်မှတ် ထားသော လျော်ကြေးငွေပေးအပ်ခြင်း” နှင့် လျော်ကြေးငွေကျပ် ၆,၀၀,၀၀၀ိ/- (ခြောက်သိန်း ကျပ်တိတိ)ကို ရက်ပေါင်း (၃၀) အတွင်းပေးရန် အမိန့်ချမှတ်ခဲ့ပါသည်။ "x x x" English Center သင်တန်းကျောင်းမှ တိုင်ကြားသူအား ၁-၇-၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာန၏ တာဝန်ရှိသူများရှေ့မှောက်တွင် လျော်ကြေးငွေ ၆,၀၀,၀၀၀ိ/-ကျပ် (ခြောက်သိန်း ကျပ်တိတိ)အား ပေးလျော်ခဲ့ပါသည်။ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီမှ ချမှတ်သည့် အမိန့်ကို တိုင်ကြားသူနှင့် လုပ်ငန်းရှင်တို့သည် အမိန့်ချမှတ်သည့် ၃၀-၆-၂၀၂၂ ရက်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ကော်မရှင်သို့ အယူခံဝင်ရောက်မှုမရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။