
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ ဇီးဖြူသီးပင်၊ သီးသီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ အုန်းသီးပင် နှင့် မာလကာသီးပင်များကို လည်းစိုက်ပျိုးကြသည့်အနက် ဇီးဖြူသီးပင်များကိုလည်း စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဇီးဖြူသီး ဈေးနှုန်း အနေဖြင့် ဇီးဖြူသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၂၀၀၀)ကျပ် နှင့် နို့ဆီဘူး တစ်လုံးလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ဇီးဖြူသီးကို အချဉ်ပေါင်းသည် နှင့် အိမ်ရှင်မများ မှ အရန်ဟင်းတစ်ခွက်အဖြစ် အသုံးပြုစားသောက်သည့်အတွက် ရောင်းအားကောင်းလျက် ရှိကြောင်းသိရသည်။
DOCA (စစ်ကိုင်း)