Main menu

“ဂျူးမြစ်များစျေးကွက်အတွင်းဝင်ရောက်”

Powered by Drupal

     ဂျူးမြစ်သည် ပူပြင်းသောရာသီဥတုကို မကြိုက်ဘဲ အေးမြသောရာသီဥတုကိုနှစ်သက်ပြီး မည့်သည့်မြေအမျိုးအစားတွင်မဆိုစိုက်ပျိုးနိုင်ပါသည်။ အများအားဖြင့် ရှမ်းပြည်နယ်ရှိ ပင်းတယ၊ အောင်ပန်း၊ ရေဦးနှင့်ရွာငံဒေသများ စိုက်ပျိုးကြပြီး အောင်ပန်း‌ဒေသတွင် အများဆုံး စိုက်ပျိုးကြကြောင်း ၊ ယခုအချိန်တွင် ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေး နှင့် မြို့မစျေး အတွင်းသို့ ၎င်းဒေသများမှ ထွက်ရှိသော ဂျူးမြစ်များ  စျေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ဖောက်သည်စျေးအနေဖြင့် ဂျူးမြစ်(၁)ပိဿာလျှင် (၅၀၀၀)ကျပ်ရှိပြီး လက်လီစျေးအနေဖြင့် (၁)ပိဿာလျှင် (၆၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဂျူးမြစ်ကို အိမ်ရှင်မ များက ငါးနှင့်ဘဲဖြစ်ဖြစ်၊အခြားသောဟင်းလျာတစ်မျိုး မျိုးနှင့်ဖြစ်ဖြစ် ချက်ပြုတ် စားသုံးကြသလို၊ ကြော်၍လည်း စားကြသလို၊ အချဉ်တည်ပြီးလည်း မြိန်ယှက်စွာ စားသောက်တက်ကြ ကြောင်း၊  ဂျူးမြစ်ကို နေ့စဉ်ပုံမှန်စားသုံးပါက သွေးဖိအားပုံမှန်ဖြစ်စေခြင်း၊ နှလုံးသွေးလွှတ်ကြော ဆိုင်ရာရောဂါ ၊ အယ်ဇိုင်းမားဖြစ်တာတွေနဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း၊ ဘက်တီး ရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါတွေ၊ အရိုးပါးရောဂါ၊ အဆုတ်နဲ့ အူလမ်းကြောင်း ကင်ဆာတွေကို ကာကွယ်နိုင်ခြင်းစတဲ့ ကောင်းကျိုးတွေရရှိစေမှာ ဖြစ်ပါကြောင်း၊ ဂျူးမြစ်ကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးပေးခဲ့ရင် သွေးတိုး၊ အစာအိမ် အနာပေါက် ခြင်းနဲ့ ခန္ဓာကိုယ်အပူချိန် အလွန်မြင့်တက်ခြင်းတို့ကို လျော့နည်းစေကြောင်းစသည့် ကျန်းမာရေး ဗဟုသုတများအရ လေ့လာ သိရှိရပါသည်။

DOCA(မန္တလေး)