
ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇) ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် က်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲယင်း(နီ)၂၃၅၀၀၀ကျပ်၊ ပဲယင်း(ကြီး) ၂၃၀၀၀၀ကျပ်နှင့် ၂၃၃၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၃၉၁၇ကျပ်၊ ပဲယင်း(ကြီး) ၃၈၃၃ကျပ်နှင့် ၃၈၈၃ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၃၉၁၇ကျပ်၊ ပဲယင်း(ကြီး)၃၀၈၃ ကျပ်နှင့်၃၁၁၇ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပဲယင်း(ကြီး)မှာ ၇၆၆ ကျပ် ပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)