Main menu

ပုသိမ်မြို့၏ သရက်သီး၊ သင်္ဘောသီးနှင့် ငှက်ပျောသီးဈေးနှုန်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ  ဈေးများတွင်  ဒေသတွင်းထွက်သစ်သီးဝလံများ ဖြစ်သော သရက်သီး၊ သင်္ဘောသီးနှင့် ငှက်ပျောသီးများ အများအပြား ရောင်းချလျက်ရှိကြ ပါသည်။ ယခုလို မိုးရာသီနှင့် ဆောင်းဦးဝင်ကာလသည် ဤသစ်သီးများ အထွက်နှုန်း အကောင်း ဆုံး ကာလ ဖြစ်ပါသည်။

     သရက်သီးသည် ဗီတာမင်စီကြွယ်ဝပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကာ၊ သင်္ဘောသီး တွင် ပါဝင်သော ပပါယင်းအင်ဇိုင်းသည် အစာခြေလမ်းကြောင်းကို ကောင်းမွန်စေပြီး၊ ငှက်ပျော သီးသည် ပိုတက်စီယမ်ဓာတ်ကြွယ်ဝကာ စွမ်းအင် အမြန်ဖြည့်တင်းပေးနိုင်သည့် အားသာချက် များရှိသောကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုသည်ဟု လူသိများပါသည်။ ထို့ကြောင့် ဒေသတွင်းစားသုံးသူများသာမက ခရီးသွားဧည့်သည်များကပါ ဝယ်ယူစားသုံးလေ့ ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း ပုသိမ်မြို့ရှိ ဈေးများတွင် ဒေသထင်ရှား သည့် သရက်သီး အလုံးကြီးတစ်လုံးလျှင် (၂,၅၀၀)ကျပ်၊ အလုံးလတ်(၄)လုံး လျှင် (၃,၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိပါသည်။ သင်္ဘောသီး  အလတ်စားတစ်လုံးလျှင် (၁,၅၀၀)ကျပ် မှ (၂,၀၀၀) ကျပ်၊ ငှက်ပျောသီး တစ်ဖီးလျှင် (၅,၀၀၀)ကျပ် မှ (၈,၀၀၀)ကျပ် (အရည်အသွေးနှင့်အရွယ်အစားကိုလိုက်၍) အသီးသီး ဈေးကွက်ခြားနားကာ ရောင်းချလျက်ရှိရာ ဒေသခံများနှင့် ပြင်ပမှရောက်ရှိ လာသော ဧည့်သည်များ အကြိုက်တွေ့ရှိသဖြင့် အရောင်းအဝယ်စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)